ကြက်ကြော်သုတ်

Advertisements

ဇန်န၀ါရီလအတွက် ၇ ရက်သားသမီး ကံကြမ္မာ ဟောစာတမ်း

Saturday, January 05, 2013  Sithu Linn

ဆရာဟိန်းတင့်ဇော် ~

 

 

(ဟောစာတမ်း အဆုံးမှာ ဆရာဟိန်းတင့်ဇော်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို ဖော်ပြထားပါတယ်။)

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေ များနေမယ်။
တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ဆန္ဒ ခေတ္တခဏလေး စောင့်သင့်ပါတယ်။
နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။
မြေ ၊ အမွေ ၊ ဖုန်း၊ အထည် ၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။
အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့ အဆင်မပြေမှုတွေ များနေပါ့မယ်။
ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။

ယတြာ……
ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် မုန့်ဖက်ထုပ်(၇) ထုပ် (သို့) နို့ထမင်း (၅)ပွဲ ဘုရားလှူပါ။

Continue reading

9.1.2013 မှ 15.1.2013 ထိ ၇ရက်သားသမီးများအတွက် ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

10 Jan, 2013

တနင်္ဂနွေ

ရည်ရွယ်ချက်များပြီး စိတ်တိုင်းမကျ ဖြစ်နေမည်။ လူယုံထားပြီး စကားကုန်အောင်မပြော နှင့် ၊ လူပေါင်းမှားဖို့ရှိသည်။ ခရီးအတိုအထွာများသွားရမည်။ အချစ်ရေး အဆင်မပြေဖြစ်မည်။ ချစ်သူလုခြင်း ခံရမည်။ ပစ္စည်းပျောက်တတ်၍ ဂရုစိုက်ပါ ။ ငွေလိမ်ခံရကိန်း ရှိသည်။ ငွေမချေးနှင့် ။ ခြေလက် အနာရကိန်းရှိသည်။ကြီးသူတစ်ဦး ချူချာမည်။ အလုပ်ရာထူးတက်မည်။ စာမေးပွဲအောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ။ အောင်မြင်မည်။

အကျိုးပေးဂဏန်း – ၇ ၊ ၅ ၊ ၆။

အထူးဟော – ကံကောင်းမည်။

ယတြာ – ဘုရားကို အောင်သပြေ (၁၉) ညွန့် လှူပါ။

Continue reading

ဟင်းမျိုးစုံ

ucm3322781.jpg

ကြက်ကြော်သုတ်

ပါဝင်သည့်ပစ္စည်းများ

ကြက်ရင်အုံသား – ၂၀၀ ဂရမ်
ကြက်ကြော်အုပ်ဂျုံမှုန့် – အနည်းငယ်
ဆလတ်ရွက်အရောအနှော – ပန်းကန်လုံး ၁ လုံးစာ
သခွားသီးအကွင်း – အနည်းငယ်
ခရမ်းချဉ်သီးအကွင်း – အနည်းငယ်
ချယ်ရီခရမ်းချဉ် – အနည်းငယ်
Mayonnaise – အနည်းငယ်
ပေါင်မုန့်မီးကင် – အနည်းငယ်
(စိမ်ရည်အတွက်)

Continue reading