ကြက်ကြော်သုတ်

ပါဝင်သည့်ပစ္စည်းများ

ကြက်ရင်အုံသား – ၂၀၀ ဂရမ်
ကြက်ကြော်အုပ်ဂျုံမှုန့် – အနည်းငယ်
ဆလတ်ရွက်အရောအနှော – ပန်းကန်လုံး ၁ လုံးစာ
သခွားသီးအကွင်း – အနည်းငယ်
ခရမ်းချဉ်သီးအကွင်း – အနည်းငယ်
ချယ်ရီခရမ်းချဉ် – အနည်းငယ်
Mayonnaise – အနည်းငယ်
ပေါင်မုန့်မီးကင် – အနည်းငယ်
(စိမ်ရည်အတွက်)


ကြက်သွန်မြိတ် – ၁ ခက် (ပါးပါးလှီး)
ချင်း – ၂ ပြား
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းချက်ဝိုင် – လက်ဖက်ရည်ဇွန်း တစ်ဝက်
ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ ဇွန်း
သစ်ကြံပိုးခေါက်အမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

မှတ်ချက်။    ။ ချက်နည်း- အသီးအရွက်များသည် အသုပ်ထဲတွင် နယ်လိုက်သောအခါ နွမ်း၍ အချိန်ကြာလျှင် အနံ့ထွက်တတ်သည်ကို သတိပြူပါ။ ၎င်းတို့ကို ဆေးကြောပြီးလျှင် ရေစစ်ထားရန်မမေ့ပါနှင့်။

၁။ ကြက်သားကို ရေဆေး၊ အခြောက်ခံပြီး အမြောင်းကလေးများဖြစ်အောင်ကိုက်ဖြတ်ပါ။ စိမ်ရေတွင်စိမ်၍ သမအောင်မွှေပြီး ရေခဲသေတ္တာထဲတွင် နာရီဝက်ခန့်သိမ်းထားပါ။

၂။ စိမ်ရေလူးထားသော ကြက်သားများပေါ်တွင် ကြက်ကြော်အုပ်ဂျုံမှုန့်ဖြူးပေးပါ။

၃။ အိုးတစ်လုံးတွင် ဆီတစ်ဝက်ခန့်ထည့်ပြီး အပူပေးပါ။ မီးအေးအေးဖြင့် ၃ မိနစ်ခန့် ကြက်သားများကို ကြော်ပါ။ မီးအသင့်အတင့်သို့မြင့်ပြီး ဆက်၍ကြော်ပါဦး။ ပြီးလျှင် ဆယ်၍ဆီစစ်ထားပါ။

၎။ သုံးဆောင်ရန်မှာ ရေဆေးထားသော ဟင်းသီးဟင်းသီးဟင်းရွက်များကို ပန်းကန်ပြားပေါ်တွင်ထည့်ပြီး ကြက်သားများကို အပေါ်မှတင်ပါ။ Mayonnaiseကို အပေါ်မှလောင်းချပါ။ ပေါင်မုန်ံမီးကင် (သို့) ပေါင်မုန့်ကြော်ကို အပေါ်မှနှံ့အောင်ဖြူးပါ။

http://www.shweo.net/recipe/index/view/id/2801

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: